ရွှေချယ်ရီကော်ဖီခြံသည် ပြင်ဦးလွင်မြို့ ကော်ဖီစီမံကိန်း ဧရိယာတွင်ပါဝင်သောခြံတစ်ခြံဖြစ်ပြီး ကျီးကိုင်ကျေးရွာအုပ်စုအတွင်းတွင် တည်ရှိပါသည်။
၂၀၁၃ ခုနှစ်တွင် ခြံကိုဦးစွာ ပြုပြင်ရှင်းလင်းပြီး ခါတော်မှီ အရိပ်ပင်များ စိုက်ပျိုးခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်တွင် ကော်ဖီပင်များကို စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်ကောင်းများ (GAP) ဖြင့် စတင်စိုက်ပျိုးခဲ့ပါသည်။ အဓိကအားဖြင့် အာရေဗီးကားမျိုးနွယ်စုဝင်များဖြစ်သော SL34 နှင့် Catimor H528 တို့ကို ခြံအကျယ်ဧက (၈၀) တွင် အချိုးကျ စိုက်ပျိုးထားပါသည်။
ကော်ဖီကို လူအများက ကျန်းမာရေးဓါတ်စာတစ်ခုအနေနဲ့ သုံးဆောင်လေ့မရှိကြပေမဲ့ သူ့ရဲ့ ထူးခြားတဲ့ အနံ့၊ စွဲမက်ဖွယ်အရသာတွေကြောင့် နာမည်ကျော်ကြား လူကြိုက်များပြီး ခုံမင်စွာသောက်သုံးတတ်ကြပါတယ်။
သင်ဟာ ကော်ဖီကို ကြိုက်နှစ်သက်သူ ဒါမှမဟုတ် ကော်ဖီကို နေ့စဉ်သောက်သုံးနေတဲ့ သူဆိုရင်တော့ ကော်ဖီရဲ့ ကောင်းကျိုးနှင့် ဆိုးကျိုးလေးတွေကို သိထားသင့်ပါတယ်နော်။