ရွှေချယ်ရီကော်ဖီခြံသည် ပြင်ဦးလွင်မြို့ ကော်ဖီစီမံကိန်း ဧရိယာတွင်ပါဝင်သောခြံတစ်ခြံဖြစ်ပြီး ကျီးကိုင်ကျေးရွာအုပ်စုအတွင်းတွင် တည်ရှိပါသည်။ ၂၀၁၃ ခုနှစ်တွင် ခြံကိုဦးစွာ ပြုပြင်ရှင်းလင်းပြီး ခါတော်မှီ အရိပ်ပင်များ စိုက်ပျိုးခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်တွင် ကော်ဖီပင်များကို စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်ကောင်းများ (GAP) ဖြင့် စတင်စိုက်ပျိုးခဲ့ပါသည်။ အဓိကအားဖြင့် အာရေဗီးကားမျိုးနွယ်စုဝင်များဖြစ်သော SL34 နှင့် Catimor H528 တို့ကို ခြံအကျယ်ဧက (၈၀) တွင် အချိုးကျ စိုက်ပျိုးထားပါသည်။
၂၀၂၂ ခုနှစ် ရာသီချိန်တွင် ရွေးချယ်ခူးဆွတ်ထားသော ကော်ဖီချယ်ရီသီးများကို ကမ္ဘာ့ရှေးအကျဆုံးကော်ဖီ ထုတ်လုပ်နည်းဖြစ်သည့် သီးလုံးလိုက်နေလှန်းစနစ်အပါအဝင် အချဉ်ဖောက်ရေဆေး နေလှန်းစနစ်၊ အချွဲဖြင့် နေလှန်းခြင်းစနစ်များဖြင့် ထုတ်လုပ်ထားသည့် ခြံထွက်ကော်ဖီ စစ်စစ်များကို စားသုံးသူများ လွယ်ကူစွာဝယ်ယူသုံးဆောင်နိုင်ရန် စဉ်ဆက်မပြတ် ပေးပို့နိုင်ပြီဖြစ်ပါသည်။
အမြင့်ပေ - ပင်လယ်ရေမျက်နှာပြင် အထက် (၃၇၆၃) ပေ
ကော်ဖီမျိုး - SL34 & Catimor H528
ထုတ်လုပ်နည်း - Dry Natural, Honey & Fully Washed
"ရွှေချယ်ရီ" ရဲ့ အဓိပ္ပါယ်လေးအတိုင်း ချယ်ရီသီးအမှည့် အနီရောင်အဆင်းရှိ ကော်ဖီအသီးလေးတွေက အနံ့ အရသာနဲ့ ပြီးပြည့်စုံတဲ့ ကော်ဖီတစ်ခွက်ကို Magic ဆန်ဆန် ဖန်တီးပေးနိုင်သလို ကော်ဖီကောင်းကောင်းမှ ကြိုက်တတ်ကြတဲ့ ကော်ဖီချစ်သူများအတွက်ကိုလည်း "ရွှေချယ်ရီ"ကနေ Export Quality နဲ့ 100% အရည်အသွေးကောင်းမွန်စွာ ထုတ်လုပ်ရရှိထားသော အထူးတန်းကော်ဖီများကို စတင်မိတ်ဆက်ပေးလိုက်ပါရစေနော်...
အေးချမ်းလှတဲ့ ပြင်ဦးလွင်တောင်ပေါ်မြို့လေးမှာ ကိုယ်တိုင်စိုက်ပျိုးကာ ရရှိထားသော သဘာဝအာရေဗီးကား(Export Quality) အထူးတန်းကော်ဖီများကို ရွှေချယ်ရီ ကော်ဖီခြံမိသားစုမှ ဂုဏ်ယူစွာဖြင့် စတင်ထုတ်လုပ်ဖြန့်ချီ ရောင်းချပေးလျှက်ရှိနေပါပြီ။ အာရေဗီးကားမျိုးနွယ်စုဝင်များဖြစ်သော SL34 နှင့် Catimor H528 တို့ကို ကမ္ဘာ့ရှေးအကျဆုံးကော်ဖီ ထုတ်လုပ်နည်းတွေနဲ့ သေချာစနစ်တကျထုတ်လုပ်ထားလို့ အနံ့ အရသာမှာ အထူးပြောစရာမလိုအောင်🫢 ကောင်းမွန်နေတာ သောက်ဖူးသူတိုင်းအသိပါပဲနော်။
Promotion အနေနဲ့ 1kg နှင့် အထက်ဝယ်ယူပါက ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်နှင့် နေပြည်တော်မြို့များသို့ လက်ရှိကာလတွင် ပို့ဆောင်ခ အခမဲ့ဖြင့် ပို့ဆောင်လို့ပေးနေပါတယ်ခင်ဗျာ။
ရန်ကုန်မြို့တွင်းမှ ဝယ်ယူပါက (၂)ရက်အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။
နယ်မြို့များမှ ဝယ်ယူပါက "ဒီနေ့ ငွေလွှဲရောက် - မနက်ဖြန် ကားဂိတ်သို့ ပို့ဆောင်ပေးပါတယ်"